မိုဂျ်တာဘာ ခါမေနီ
မိုဂျ်တာဘာ ခါမေနီ | |
|---|---|
Mojtaba Hosseini Khamenei | |
Khamenei in 2019 | |
| တတိယမြောက် အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၈ မတ် ၂၀၂၆[၁] | |
| သမ္မတ | မာဆော့ ပါဇက်ရှ်ကီရမ် |
| ယာယီခေါင်းဆောင် | အာလီ လာရီဂျာနီ[၂][၃] |
| ယခင်လူ | အလီ ခါမေနီ [၄] |
| အီရန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်ရုံး (နိုင်ငံရေးနှင့်လုံခြုံရေး) | |
| တာဝန်သက်တမ်း ၁၉၉၉(ခန့်မှန်းနှစ်) – ၈ မတ် ၂၀၂၆ | |
| အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် | အလီ ခါမေနီ (၁၉၉၇–၂၀၂၆) |
| အလုပ်အဖွဲ့ဦးဆောင် | မိုဟာမက် မိုဟာမဒီ ဂေါလ်ပယီဂန်နီ |
| ယခင်လူ | ရာထူးအသစ် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | မိုဂျ်တာဘာ ဟိုဆေယနီ ခါမေနီ ၈ စက်တင်ဘာ၊ ၁၉၆၉ မက်ရှဒ်၊အီရန်နိုင်ငံ |
| ကြင်ဖော် | ဇာဟရာ ဟဒတ်-အဒဲလ် |
| သားသမီး | ၃ဦး (၁ဦးဆုံးပါး) |
| မိဘ | အလီ ခါမေနီ |
| ဆွေမျိုးသားချင်း | ခါမေနီ မိသားစု |
| ပညာရေး | ကုရ်အာန်ကျမ်းစာဘာသာရေးသင်တန်းကျောင်း |
| လက်မှတ် | |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | အီရန် |
| တပ်/တပ်ဖွဲ့ခွဲ | |
| အမှုထမ်းကာလ |
|
| တိုက်ပွဲ/စစ်ပွဲများ | |
| ဘာသာ | အစ္စလာမ် |
မိုဂျ်တာဘာ ခါမေနီ (အင်္ဂလိပ်: Mojtaba Khamenei;၈ စက်တင်ဘာ ၁၉၆၉ မွေးဖွား) သည် အီရန်နိုင်ငံရေးသမားနှင့် ရှီအာအစ္စလာမ် ဘာသာရေးပညာရှင်တစ်ဦး ဖြစ်ပြီး၊ ၂၀၂၆ ခုနှစ် မတ် ၈ ရက်မှစ၍ အီရန်နိုင်ငံ၏ တတိယမြောက် အမြင့်ဆုံးခေါင်းဆောင် အဖြစ် တင်မြှောက်ခံရသူဖြစ်သည်။ဤသူသည် အလီခါမေနီ၏ ဒုတိယမြောက်သားဖြစ်ပြီး၊ အီရန်စစ်ပွဲ(၂၀၂၆)အတွင်း ပေါ်ထွက်လာသော အီရန်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]မိုဂျ်တာဘာ ခါမေနီ ကို အီရန်နိုင်ငံရှိ ဩဇာကြီး ခါမေနီမိသားစုမှ ၁၉၆၉ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့တွင် မရှ်ဟတ်မြို့တွင် မွေးဖွားခဲ့ပြီး၊ညီအစ်ကို ၅ ဦးအနက် ဒုတိယမြောက်သားဖြစ်သည်။
၎င်း၏ဖခင်သည် အီရန်နိုင်ငံရေးတွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ချိန်တွင် မိုဂျ်တာဘာ ခါမေနီမှာ အသက် ၉ နှစ်သာရှိခဲ့သည်။
၎င်းသည် အီရန်နိုင်ငံ ကာဒိုစတန် ပြည်နယ် မြောက်ပိုင်း အီရန်-အီရတ်နယ်စပ်အနီးရှိ ဆာဒတ်ရှ့် နှင့် မဟာဘတ်တို့တွင် အစောပိုင်းပညာရေးကို လေ့လာခဲ့ပြီး၊ နောက်ပိုင်းတွင် တီရီဟန်မြို့တွင် အထက်တန်းပညာကို ပြီးမြောက်ခဲ့သည်။
ထို့နောက် ဖခင်ဖြစ်သူ၏ လမ်းညွှန်မှုအောက်တွင် အစ္စလာမ်ဘာသာရေးပညာကို ဆက်လက်လေ့လာခဲ့သည်။
၁၉၈၇ ခုနှစ်တွင် အစ္စလာမ်စစ်တပ် သို့ ဝင်ရောက်ခဲ့ပြီး အီရန်-အီရတ်စစ်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၉ ခုနှစ်တွင် ဘာသာရေးပညာရှင်ဖြစ်လာရန် ကိုမ်သို့ သွားရောက်ကာ ပညာဆက်လက်လေ့လာခဲ့ပြီး နောက်ပိုင်းတွင် ကိုမ် ဘာသာရေးသင်တန်းကျောင်းတွင် သာသနာရေးပညာ သင်ကြားသူအဖြစ် ဆောင်ရွက်ခဲ့သည်။
၂၀၀၉ ခုနှစ်တွင် အီရန်၏ အမျိုးသားလုံခြုံရေးနှင့် ဆက်နွယ်သော စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဖြစ်သည့် Basij ပြည်သူ့စစ်အဖွဲ့ကို ထိန်းချုပ်အုပ်ချုပ်ခဲ့သည်။
နိုင်ငံရေးဖြတ်သန်းမှုများ
[ပြင်ဆင်ရန်]မိုဂျ်တာဘာ ခါမေနီသည် အထက်တန်းကျောင်းပြီးနောက် အနီးစပ်ဆုံး ၁၉၈၇ ခုနှစ်ပိုင်း အသက် ၁၇ နှစ်အရွယ်တွင် အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့ သို့ ဝင်ရောက်ခဲ့သည်။ထိုကာလအတွင်း Operation Beit ol-Moqaddas 2, Operation Dawn 10 နှင့် Operation Mersad တို့အပါအဝင် စစ်ဆင်ရေးများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၉၉ ခုနှစ်တွင် သူသည် ကိုမ်မြို့ တွင် ဘာသာရေးဆရာတစ်ဦးဖြစ်စေရန်အတွက် သင်ယူမှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။
၂၀၀၉ ခုနှစ်တွင် မိုဂျ်တာဘာ ခါမေနီသည် ဘာဆစ် (Basij)ခေါ် အီရန် ပြည်သူ့စစ်အဖွဲ့ကို ဦးဆောင်ခဲ့သည်။
သူဦးဆောင်သော ဘာဆစ်အဖွဲ့သည် ၂၀၀၉ ခုနှစ် အီရန်သမ္မတရွေးကောက်ပွဲဆိုင်ရာ ဆန္ဒပြမှုများကို အင်အားသုံးဖြိုခွင်းမှုတွင် အဓိက တာဝန်ရှိသည်ဟု စွပ်စွဲခံရသည်။
အမြင့်ဆုံး ဦးဆောင်မှု
[ပြင်ဆင်ရန်]၂၀၂၆ အီရန်စစ်ပွဲ တွင် အလီ ခါမေနီ သေဆုံးပြီးနောက် မိုဂျ်တာဘာ ခါမေနီကို သူ၏ ဖခင်နေရာတွင် အစားထိုးမည့် အမြင့်ဆုံး ဦးဆောင်သူ အသစ်အနေဖြင့် အလားအလာရှိသူတစ်ဦးအဖြစ် အစောပိုင်းသတင်းများက ဖော်ပြခဲ့ကြသည်။
၂၀၂၆ မတ် ၅ ရက်တွင် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့် သည် မိုဂျ်တာဘာ ခါမေနီအား အမြင့်ဆုံး ဦးဆောင်သူအဖြစ် ရွေးချယ်သည့် သတင်းများကို ကြားပြီး –
“သူတို့အချိန်ဖြုန်းနေကြတယ်။ ခါမေနီ၏သားဟာ အင်အားနည်းသူ ဖြစ်တယ်။ ငါအနေနဲ့ ရွေးချယ်မှုမှာ ပါဝင်ရမယ်” ဟု ပြောခဲ့သည်။ ထို့အပြင် မိုဂျ်တာဘာ ခါမေနီအား ရွေးချယ်ခြင်းအား လက်မခံနိုင် ဟုပြောခဲ့သည်။
သို့သော်လည်း ၂၀၂၆ မတ် ၈ ရက်တွင် အီရန်နိုင်ငံပိုင်ရုပ်သံက အဖွဲ့ဝင် ၈၈ ဦးပါသည့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင်အား ရွေးချယ်ရေးအဖွဲ့သည် မိုဂျ်တာဘာ ခါမေနီကို “အတည်ပြုသော မဲဖြင့်”အမြင့်ဆုံး ဦးဆောင်သူအဖြစ် ရွေးချယ်ခဲ့ကြောင်း ကြေညာခဲ့သည်။[၅]
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]မိုဂျ်တာဘာ ခါမေနီသည် အိမ်ထောင်သည်တစ်ဦး ဖြစ်သည်။၂၀၀၄ ခုနှစ်တွင် ဇနီးဖြစ်သူ ဇာရာ ဟဒဒ်-အဒယ် နှင့် လက်ထပ်ခဲ့ပြီး ကလေး ၃ဦး ရှိသည်။၂၀၀၇ ခုနှစ်တွင် ပထမဆုံးကလေးကို မွေးဖွားခဲ့သည်။၂၀၂၆ ခုနှစ် အီရန်အစိုးရအဆိုအရ – ၎င်း၏ဇနီး၊ ဖခင်မိဘများနှင့် သားတစ်ဦး တို့သည် ၂၀၂၆ အစ္စရေး–အမေရိကန်တို့၏ အီရန်အပေါ် တိုက်ခိုက်မှုတွင် သေဆုံးခဲ့ကြသည်။[၆][၇]
မိုဂျ်တာဘာ ခါမေနီသည် Bank Ayandeh ကဲ့သို့သော ဘဏ်များတွင် အကြီးမားဆုံး ငွေကြေးပိုင်ဆိုင်မှုများကို ထိန်းချုပ်စီမံသူအဖြစ် စွပ်စွဲခံထားရသည်။[၈]
၎င်းသည် လန်ဒန်နှင့် ဒူဘိုင်းရှိ မြင့်မားသောတန်ဖိုးရှိ အိမ်ခြံမြေများ၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ်ဆိုင်ရာ နှင့် ဥရောပရှိ ဟိုတယ်လုပ်ငန်းများ ပိုင်ဆိုင်သူအဖြစ် Bloombergသတင်းက ၁ နှစ်ကြာ စုံစမ်းမှုတွင် ဖော်ပြခဲ့သည်။[၉]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Iran - Constitution Iran - Constitution။ 2026-03-08 တွင် ပြန်စစ်ပြီး။
- ↑ "Who is Ali Larijani, the unofficial strongman in Iran?" (in en)၊ DW၊ 2026-03-03။
- ↑ "De Facto Wartime Leader Steers Iran’s Defiant Response to U.S."၊ The Wall Street Journal၊ 8 March 2026။
- ↑ Reals၊ Tucker (1 March 2026)။ Iran names three men for interim Leadership Council to pick next supreme leader (in en-US)။ 1 March 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Tondo၊ Lorenzo။ "Ali Khamenei's son Mojtaba chosen as Iran's new supreme leader" (in en-GB)၊ The Guardian၊ 8 March 2026။
- ↑ A son of Iran's late supreme leader is a possible candidate to replace his father as war rages (4 March 2026)။ 8 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Daughter and grandchild of Iran's Khamenei killed in US-Israeli strikes, state media says (28 February 2026)။ 9 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Khamenei's son takes control of Iran's anti-protest militia။ The Guardian (8 July 2009)။ 25 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 February 2017 တွင် ပြန်စစ်ပြီး။
- ↑ Bartenstein၊ Ben (28 January 2026)။ How the Son of Iran's Supreme Leader Built a Global Property Empire။ 8 March 2026 တွင် ပြန်စစ်ပြီး။
