close
မာတိကာသို့ ခုန်သွားရန်

ထွန်းအောင်

ဝီကီပီးဒီးယား မှ
ဗိုလ်ချုပ်ကြီး
ဇေယျကျော်ထင်[]

ထွန်းအောင်
ကာကွယ်ရေး ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူမင်းအောင်လှိုင်အစိုးရ
သမ္မတမင်းအောင်လှိုင်
လက်ထောက်ဗိုလ်ချုပ် အောင်မျိုးသန့်
ယခင်လူဗိုလ်ချုပ်ကြီး မောင်မောင်အေး
ကာကွယ်ရေးဦးစီးချုပ် (လေ)
တာဝန်သက်တမ်း
၁၀ ဇန်နဝါရီ ၂၀၂၂  ၁၀ ဧပြီ ၂၀၂၆
ယခင်လူဗိုလ်ချုပ်ကြီး မောင်မောင်ကျော်
ဆက်ခံသူဗိုလ်ချုပ်ကြီး ထွန်းဝင်း
စစ်ဦးစီးအရာရှိချုပ် (လေ)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၇&#၁၆၀;(၁၉၆၇) (အသက် ၅၉)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံBERJAYA မြန်မာ
တပ်/တပ်ဖွဲ့ခွဲBERJAYA တပ်မတော် (လေ)
ရာထူးBERJAYA ဗိုလ်ချုပ်ကြီး
ကိုယ်ပိုင်အမှတ်လေ ၁၉၈၂

ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထွန်းအောင် (၁၉၆၇ မွေးဖွား) သည် ၂၁ ဦးမြောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။[] တပ်မတော် (လေ)မှ ပထမဦးဆုံး ကာကွယ်ရေး ဝန်ကြီး ဖြစ်လာသူ ဖြစ်သည်။

ယင်းမတိုင်ခင် မြန်မာ့တပ်မတော်(လေ)၏ ကာကွယ်ရေးဦးစီးချုပ် (လေ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[][][]

စစ်မှုထမ်းခြင်း

[ပြင်ဆင်ရန်]

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လုပ်သက်ပြည့်၍ အနားယူသွားသော ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၏ နေရာတွင် စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်အား ဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့်၍ ကာကွယ်ရေးဦးစီးချုပ် (လေ) အဖြစ် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စတင်တာဝန်ပေးခဲ့သည်။

ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် စစ်တက္ကသိုလ်၊ အပတ်စဉ် (၂၉) သင်တန်းဆင်းတစ်ဦးဖြစ်ပြီး ၁၉၈၇ ခုနှစ်တွင် ကျောင်းဆင်းခဲ့သည်။[] ၎င်းသည် တပ်မတော် (လေ) အတွက် MiG-29 ဂျက်တိုက်လေယာဉ်များ ရရှိရေးအတွက် ရုရှားနိုင်ငံသို့ ပထမဆုံး သွားရောက်လေ့လာခဲ့သူများအနက် တစ်ဦးလည်း ဖြစ်သည်။[]

ကာကွယ်ရေးဝန်ကြီး

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ဧပြီ ၇ရက်တွင် ဦးမင်းအောင်လှိုင်အစိုးရက ကာကွယ်ရေးဝန်ကြီးအဖြစ် အဆိုပြုခဲ့ပြီး၊ လွှတ်တော်က ဧပြီ ၉ရက်တွင် သဘောတူကြောင်းကြေညာခဲ့သည်။ဧပြီ ၁၀ရက်တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက် | အမျိုးသားလွှတ်တော် ၁၉ ဇွန် ၂၀၂၂ တွင် ပြန်စစ်ပြီး။
  2. နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူ အဆိုပြုတင်ပြသည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး၏ အမည်စာရင်းအား လွှတ်တော်သို့တင်သွင်း (in my)။ 2026-04-07 တွင် ပြန်စစ်ပြီး။
  3. 1 2 3 ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် လေတပ်ဦးစီးချုပ်ရာထူးမှ အနားပေးခံရ (in my)။ ၁၉ ဇွန် ၂၀၂၂ တွင် ပြန်စစ်ပြီး။
  4. လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ရာထူးမှ အနားပေးခံရ (၁၁ ဇန်နဝါရီ ၂၀၂၂)။ ၁၉ ဇွန် ၂၀၂၂ တွင် ပြန်စစ်ပြီး။
  5. ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် လုပ်သက်ပြည့်သွားပြီးနောက် စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီးထွန်းအောင်အား ကာကွယ်ရေးဦးစီးချုပ် (လေ)အဖြစ် တာဝန်ပေးအပ် (in my) (၁၁ ဇန်နဝါရီ ၂၀၂၂)။ ၁၉ ဇွန် ၂၀၂၂ တွင် ပြန်စစ်ပြီး။
  6. တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။
စစ်ဖက်ဆိုင်ရာ ရုံးများ
ယခင်က
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်
ကာကွယ်ရေးဦးစီးချုပ်(လေ)
၂၀၂၂ – ၂၀၂၆
ဆက်ခံသူ
လစ်လပ်