နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူ အဆိုပြုတင်ပြသည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး၏ အမည်စာရင်းအား လွှတ်တော်သို့တင်သွင်း

နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူ အဆိုပြုတင်ပြသည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး၏ အမည်စာရင်းအား လွှတ်တော်သို့တင်သွင်း
BERJAYA
Published 7 April 2026

နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူ အဆိုပြုတင်ပြသည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး၏ အမည်စာရင်းအား ယနေ့(ဧပြီ ၇ ရက်)တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယကက ဖတ်ကြားတင်ပြခဲ့သည်။

ထိုသို့ နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူက အဆိုပြုတင်ပြသည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦးမှာ ဦးခင်မောင်ရီ၊ ဦးအောင်ကျော်ဟိုး၊ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊  ဦးသန်းမောင်၊ ဒေါက်တာသီတာဦး၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာမျိုးသိမ်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာသက်သက်ဇင်၊ ဦးထိန်လင်း၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊  ဦးမျိုးဇော်သိမ်း၊ ဦးဆန်းဦး၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ဦးရဲမြင့်ထွန်း၊ ဒေါက်တာမောင်သင်း၊ ဦးမျိုးသန့်၊ ဒေါက်တာစိုးဝင်းနှင့် ဦးမောင်မြင့်တို့ဖြစ်သည်။

အဆိုပါ နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူက အဆိုပြုတင်ပြသည့် ပြည်ထောင်စုဝန်ကြီးအမည်စာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်ဆွေးနွေးမည့်သူရှိပါက ဆွေးနွေးခြင်းနှင့် ကန့်ကွက်မည့်မရှိပါက လွှတ်တော်က သဘောတူကြောင်း ကြေညာခြင်းကို ဧပြီ ၉ ရက် လွှတ်တော်အစည်းအဝေးတွင်ပြုလုပ်မည်ဖြစ်သည်။

Most Read

Most Recent