close
မာတိကာသို့ ခုန်သွားရန်

ဂျော့ချ် ဟားဘတ် ဝေါလ်ကာ ဘုရှ်

ဝီကီပီးဒီးယား မှ
ဂျော့ချ် ဟားဘတ် ဝေါလ်ကာ ဘုရှ်
George Herbert Walker Bush
BERJAYA
၄၁ဦးမြောက် အမေရိကန်သမ္မတ
တာဝန်သက်တမ်း
၂၀ ဇန်နဝါရီ ၁၉၈၉  ၂၀ ဇန်နဝါရီ ၁၉၉၃
ဒုတိယ သမ္မတဒန် ကွေးလ်
ယခင်လူရော်နယ် ရေဂင်
ဆက်ခံသူဘီလ် ကလင်တန်
အမေရိကန်ပြည်ထောင်စု၏ ၄၃ ကြိမ်မြောက် ဒုတိယသမ္မတ
တာဝန်သက်တမ်း
၂၀ ဇန်နဝါရီ ၁၉၈၁  ၂၀ ဇန်နဝါရီ ၁၉၈၉
သမ္မတရော်နယ် ရေဂင်
ယခင်လူဝေါလ်တာ မွန်ဒေးလ်
ဆက်ခံသူဒန် ကွေးလ်
၁၁ဦးမြောက် ဗဟိုထောက်လှမ်းရေးဌာန (CIA) ၏ ညွန်ကြားရေးမှူး
တာဝန်သက်တမ်း
၃၀ ဇန်နဝါရီ ၁၉၇၆  ၂၀ ဇန်နဝါရီ ၁၉၇၇
သမ္မတဂဲရက် ဖိုဒ့်
ယခင်လူဝီလျံ ကိုယ်လ်ဘီ
ဆက်ခံသူစတန်ဖီးလ် တာနာ
တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး
တာဝန်သက်တမ်း
၂၆ စက်တင်ဘာ ၁၉၇၄  ၇ ဒီဇင်ဘာ ၁၉၇၅
သမ္မတဂဲရက် ဖိုဒ့်
ယခင်လူဒေးဗစ် ကေ. အီး. ဘရူးစ်
ဆက်ခံသူသောမတ်စ် အက်စ် ဂိတ်စ်
၄၉ဦးမြောက် ရီပတ်ဘလစ်ကန်ပါတီ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁၉ ဇန်နဝါရီ ၁၉၇၃  ၁၆ စက်တင်ဘာ ၁၉၇၄
ယခင်လူဘော့ဒိုးလ်
ဆက်ခံသူမေရီ လူအစ် စမစ်
၁၀ဦးမြောက် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး
တာဝန်သက်တမ်း
၁ မတ် ၁၉၇၁  ၁၈ ဇန်နဝါရီ ၁၉၇၃
သမ္မတရစ်ချက် နစ်ကဆင်
ယခင်လူချားလ်စ် ယို့စ်
ဆက်ခံသူဂျွန် အေ. စကေးလီ
အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်အမတ်
တာဝန်သက်တမ်း
၃ ဇန်နဝါရီ ၁၉၆၇  ၃ ဇန်နဝါရီ ၁၉၇၁
ယခင်လူဂျွန် ဒေါက်ဒီ
ဆက်ခံသူဘီလ် အာချာ
ကိုယ်ရေး အချက်အလက်များ
မွေးဖွားဂျော့ခ်ျ ဟားဘတ် ဝေါ်ကာ ဘုရှ်
(1924-06-12)ဇွန် ၁၂၊ ၁၉၂၄
မိလ်တန်မြို့၊ မက်ဆာချူးဆက်ပြည်နယ်အမေရိကန်
ကွယ်လွန်နိုဝင်ဘာ ၃၀၊ ၂၀၁၈(2018-11-30) (အသက် ၉၄)
ဟူစ်တန်မြို့တက္ကဆပ်ပြည်နယ်အမေရိကန်
နိုင်ငံရေးပါတီရီပတ်ဘလီကန်ပါတီ
ကြင်ဖော်Barbara Pierce
သားသမီး၆ဦး
မိဘ
  • Prescott Bush
  • Dorothy Walker
ပညာရေးယေးလ်တက္ကသိုလ်
လက်မှတ်Cursive signature in ink
ဝက်ဘ်ဆိုဒ်Presidential Library
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံBERJAYA United States
တပ်/တပ်ဖွဲ့ခွဲBERJAYA U.S. Navy
အမှုထမ်းကာလ၁၉၄၂–၁၉၄၅
ရာထူးBERJAYA Lieutenant (junior grade)
တပ်Fast Carrier Task Force
တိုက်ပွဲ/စစ်ပွဲများဒုတိယ ကမ္ဘာစစ်
ဆုတံဆိပ်များ

ဂျော့ချ် ဟားဘတ် ဝေါလ်ကာ ဘုရှ်(အင်္ဂလိပ်: George Herbert Walker Bush;၁၂ ဇွန် ၁၉၂၄ - ၃၀ နိုဝင်ဘာ ၂၀၁၈)သည် အမေရိကန်ပြည်ထောင်စု၏ ၄၁ ဦးမြောက် သမ္မတ ဖြစ်သည်။[]

ဂျော့ချ် ဟားဘတ် ဝေါ်လ်ကာ ဘုရှ်အား မက်ဆာချူးဆက်ပြည်နယ်၊ မီလ်တန်မြို့တွင် ၁၉၂၄ ခုနှစ်၊ဇွန် ၁၂ ရက် တွင် မွေးဖွားခဲ့သည်။ မိဘများမှာ ပရက်စကော့နှင့် ဒေါ်ရသီ ဝေါ်လ်ကာဘုရှ်တို့ဖြစ်သည်။

စစ်မှုထမ်းခြင်းနှင့်ပညာရေး

[ပြင်ဆင်ရန်]

ဒုတိယကမ္ဘာစစ်အတွင်းတွင် အမေရိကန် ရေတပ်၌ လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ကာ စစ်အပြီး ၁၉၄၈ခုနှစ်တွင် ယေးလ်တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိသည်။ ဘွဲ့ရပြီးနောက် တက္ကဆပ်ပြည်နယ်တွင် အခြေချကာ ၁၉၅၃ ခုနှစ် တွင် ရေနံကုမ္ပဏီတစ်ခု တည်ထောင်နိုင်ရန် အကူအညီပေးခဲ့သည်။

နိုင်ငံရေးဘဝ

[ပြင်ဆင်ရန်]

ရီပတ်ဘလီကန်ပါတီသို့ဝင်ရောက်ပြီးနောက် ၁၉၆၄ခုနှစ် တွင် တက္ကဆပ်ပြည်နယ် ကိုယ်စားပြုအမေရိကန်အထက်လွှတ်တော်အမတ် နေရာအတွက် အရွေးခံရာ ရှုံးနှိမ့်ခဲ့သည်။ သို့သော် ၁၉၆၆ ခုနှစ် နှင့် ၁၉၆၈ ခုနှစ် များတွင် အမေရိကန်အောက်လွှတ်တော်အတွက် ရွေးချယ်ခံရပြီး၊ ၁၉၇၀ပြည့်နှစ် တွင် အထက်လွှတ်တော်တွင် တဖန်ပြန်လည် ရွေးချယ်ခံရာတွင်လည်း ထပ်မံ၍ ရှုံးနှိမ့်ခဲ့သည်။

ထိုနောက်ပိုင်းတွင် ၁၉၇၁-၁၉၇၃ အထိ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်၊ ၁၉၇၄-၁၉၇၅အထိ တရုတ်နိုင်ငံရှိ အမေရိကန်နိုင်ငံသံအမတ်ကြီး၊ ၁၉၇၆ -၁၉၇၇တွင် အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၀ပြည့်နှစ်တွင် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ရီပါပလီကန်ပါတီအတွင်း သမ္မတလောင်းအဖြစ် ရွေးချယ်ခံရာတွင် ရှုံးနှိမ့်ခဲ့သော်လည်း ပြိုင်ဖက်ဖြစ်သူ ရော်နယ် ရေဂင်က ဒုသမ္မတရာထူးအတွက် ကမ်းလှမ်းခြင်းကို လက်ခံသဖြင့် သမ္မတရွေးကောက်ပွဲအပြီး ရေဂင်အနိုင်ရပြီးနောက် ဒုသမ္မတဖြစ်လာခဲ့သည်။

၁၉၈၁-၁၉၈၉ ခုနှစ် အတွင်း ရေဂင်သမ္မတသက်တမ်းတစ်လျှောက်တွင် ဒုသမ္မတအဖြစ် အစိုးရအဖွဲ့တွင် ပါဝင်ပြီး၊ ၁၉၈၈ခုနှစ် ရွေးကောက်ပွဲတွင် သမ္မလောင်းအဖြစ် ယှဉ်ပြိုင်ရာ ဒီမိုကရက်တစ်ပါတီမှ မိုက်ကယ် ဒူကာကစ်အား အနိုင်ရ၍ သမ္မတဖြစ်လာခဲ့သည်။

သမ္မတသက်တမ်း

[ပြင်ဆင်ရန်]

သမ္မတတာဝန်ယူစတွင် နှစ်စဉ်အစိုးရ ရသုံးခန့်မှန်းငွေစာရင်းနှင့် ပြည်ပကုန်သွယ်ရေးတွင် အကြီးအကျယ်လိုငွေများပြနေသဖြင့် ဘတ်ဂျက်လိုငွေပြကာ စစ်အသုံးစရိတ်အား ဖြတ်တောက်လျော့ချ၍ ကုစားကာ ဘဏ္ဍာရေးအခြေအနေကောင်းမွန်လာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ကျန်းမာရေး-လူမှုရေးလိုအပ်ချက်အဖြစ် အမျိုးသမီးများ သန္ဓေသားဖျက်ချခြင်းဥပဒေကို ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။

၁၉၉၀ပြည့်နှစ် တွင် ဘတ်ဂျက်လိုငွေပြခြင်း၊ လျော့ချရေးစီမံချက် ဥပဒကို လက်မှတ်ထိုးအတည်ပြုပြီး ဥပဒေအရ အခွန်များတိုးမြှင့်ကောက်ခံခြင်းကိုလည်း ဆောင်ရွက်ခဲ့သည်။

နိုင်ငံတကာရေးရာတွင် ဘုရှ်သည် ဆိုဗီယက်ပြည်ထောင်စုနှင့်ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်ပြီး အရှေ့ဥရောပနိုင်ငံများတွင် ဒီမိုကရေစီကျင့်သုံးခြင်းကို အားပေးခဲ့သည်။ တရုတ်နိုင်ငံနှင့်လည်း ဆက်ဆံရေးကောင်းမွန်အောင် အားထုတ်သည်။ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာတွင် ပနားမားသို့ တပ်များစေလွှတ်ကာ အာဏာရှင်ဖြစ်သူ ဗိုလ်ချုပ်ကြီး မန်နျူရယ် နိုရေးဂါးအား ဖမ်းဆီး၍ အစိုးရအဖွဲ့အား ဖြုတ်ချပစ်ခဲ့သည်။

၁၉၉၀ပြည့်နှစ် ဩဂုတ် တွင် အီရတ်အစိုးရသည် အိမ်နီးချင်း ကူဝိတ်နိုင်ငံအား ကျူးကျော်ခဲ့သည်။ ဘုရှ်အနေဖြင့် မဟာမိတ်ဖြစ်သည့် ကူဝိတ်ဘက်မှနေ၍ အီရတ်ကျူးကျော်တပ်ဖွဲ့များကို မောင်းထုတ်ရန် အမေရိကန်တပ်များ ကူဝိတ်သို့ စေလွှတ်ပြီး တိုက်ပွဲဝင်စေခဲ့သည်။

ဘုရှ်၏ ကမကထပြုမှုဖြင့် ထိုကျူးကျော်စစ်အား နှိမ်နှင်းရန်အတွက် ကုလသမဂ္ဂအဖွဲ့ ဦးဆောင်မှုဖြင့် နေတိုးအဖွဲ့ဝင် တပ်များ၊ အာရပ်အဖွဲ့ချုပ်ဝင်နိုင်ငံများမှ တပ်များပါဝင်သော ညွှန့်ပေါင်းတပ်ဖြင့် ကူဝိတ်ရှိ အီရတ်တပ်များကို တိုက်ခိုက်ခဲ့သည်။ တိုတောင်းလှသော ၄ ရက်ကြာထိုးစစ်အပြီးတွင် အကျအဆုံးနည်းပါးစွာဖြင့် အီရတ်တပ်များအား ကူဝိတ်မှ ပြန်လည်တိုက်ထုတ်နိုင်ခဲ့ပြီး အကြီးအကျယ်အောင်ပွဲခံနိုင်ခဲ့သည်။ ဘုရှ်အနေဖြင့်လည်း သမိုင်းတလျှောက်လူထုထောက်ခံမှုနှုန်းအမြင့်ဆုံး သမ္မတဖြစ်လာခဲ့သည်။

သို့သော် ၁၉၉၁ခုနှစ် နှောင်းပိုင်းတွင်မူ စီးပွားရေးကျဆင်းမှုနှင့်အတူ ဘုရှ်၏ လူကြိုက်များမှုမှာလည်း ကျဆင်းလာပြီး ၁၉၉၂ခုနှစ် ရွေးကောက်ပွဲတွင် ပြိုင်ဖက်ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ဘီလ် ကလင်တန်အား ရှုံးနှိမ့်ခဲ့ရသည်။

နိုင်ငံရေးမျိုးဆက်

[ပြင်ဆင်ရန်]

၄၃ ဦးမြောက် အမေရိကန်သမ္မတ ဂျော့ချ် ဝေါ်လ်ကာ ဘုရှ် မှာ ဘုရှ်၏သားဖြစ်သဖြင့် အမေရိကန်သမ္မတသမိုင်းတလျှောက်တွင် ရှားပါးသည့် အဖေနှင့်သား သမ္မတမျိုးဆက်များတွင် အပါအဝင်ဖြစ်ခဲ့သည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

ဘုရှ်သည် အသက် ၉၄ နှစ်အရွယ် ၂၀၁၈ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ကွယ်လွန်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Kelly၊ Jon။ "George HW Bush: What makes a one-term president?"၊ BBC News၊ December 2, 2018။