close
The Wayback Machine - https://web.archive.org/web/20190403051511/http://www.7daydaily.com/node/144857

BERJAYA

တိုက်လေယာဉ်လေးစီးအပါအဝင် တပ်မတော်(လေ)က လေယာဉ်ခုနစ်စီး အင်အားဖြည့်တင်း

BERJAYA
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသစ်ဝယ်ယူထားသော JF အမျိုးအစား တိုက်လေယာဉ်ပေါ်သို့ စစ်ဆေးကြည့်ရှုစစ်ဆေးနေစဉ် (ဓာတ်ပုံ − seniorgeneralminaunghlaing)

တပ်မတော် (လေ) အ တွက် တိုက်လေယာဉ်လေးစီးအ ပါအဝင် လေယာဉ်ခုနစ်စီးကို အင်အားဖြည့်တင်းခဲ့ကြောင်း စစ် ဘက်ဆိုင်ရာ လေ့လာစောင့် ကြည့်သူအချို့က ပြောသည်။


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် ယမန်နေ့ (ဒီဇင် ဘာ ၁၅ ရက်) နံနက်တွင် မိတ္ထီ လာတပ်နယ်ရှိ လေကြောင်းအ တတ်သင် လေတပ်စခန်းဌာနချုပ် ၌ ပြုလုပ်သော နိုင်ငံတော်ကာ ကွယ်ရေးအတွက် လေတပ်စွမ်း ပကားဖြည့်တင်း၊ လေယာဉ်၊ ရဟတ်ယာဉ်များ တပ်မတော်ဝင် အခမ်းအနားသို့ တက်ရောက်ခဲ့ သည်။

‘‘ကျွန်တော်တို့တွေ့ရသ လောက် JF အမျိုးအစားတိုက်လေ ယာဉ်က လေးစီး။ သယ်ယူပို့ ဆောင်ရေးလေယာဉ်က နှစ်စီး၊ ရဟတ်ယာဉ်တစ်စီး စုစုပေါင်း ခုနစ်စီး။ ခန့်မှန်းတန်ဖိုးက တွက် ရခက်မယ်။ JF အမျိုးအစား တိုက်လေယာဉ်က အမျိုးအစား အလိုက် ဈေးက အမျိုးမျိုးပဲ။ တစ် စီးကို အကြမ်းဖျင်းဒေါ်လာ ၂၈ သန်းလောက်တော့ရှိမယ်’’ ဟု မဟာဗျူဟာလေ့လာရေး- သေ နင်္ဂအင်စတင်ကျုဒ်မှ ဒေါက်တာ နိုင်ဆွေဦးက မှတ်ချက်ပြုသည်။

တပ်မတော် (လေ) ဖွဲ့စည်း တည်ထောင်မှု (၇၁) နှစ်မြောက် အဖြစ် အထက်ပါအင်အားဖြည့် တင်းမှု ဆောင်ရွက်ခဲ့သည်ဟု ဆိုသော်လည်း စုစုပေါင်းတန်ဖိုး နှင့် လေယာဉ်စီးရေ အရေအ တွက်ကိုမူ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်၌ မပါရှိပေ။

ပြီးခဲ့သည့် ၂၀၁၇ ဒီဇင်ဘာ တွင် တပ်မတော် (လေ) နှစ် (၇၀) ပြည့် နှစ်ပတ်လည်နေ့၌ တိုက်လေယာဉ်ခြောက်စီး အပါ အဝင် လေယာဉ် ၁၀ စီးကို တပ် တော်ဝင်အဖြစ် ကြေညာခဲ့သည်။