close
မာတိကာသို့ ခုန်သွားရန်

ပေါင်းလောင်းမြစ်

ဝီကီပီးဒီးယား မှ
BERJAYA
ပေါင်းလောင်းမြစ် မြင်ကွင်း
ပေါင်းလောင်းမြစ်
Paunglaung River
BERJAYA
ပေါင်းလောင်းမြစ်မြင်ကွင်း
အခြားအမည်(များ)Paunglaung River
အချက်အလက်များ
စီးဝင်ရာနေရာစစ်တောင်းမြစ်

ပေါင်းလောင်းမြစ် (အင်္ဂလိပ်: Paunglaung River) သည် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ စစ်တောင်းမြစ်၏ လက်တက်တစ်ခုဖြစ်သည်။ ရှမ်းရိုးမတွင် မြစ်ဖျားခံကာ နေပြည်တော် ဇေယျာသီရိမြို့နယ်ကို ဖြတ်သန်းစီးဆင်းသည်။မြစ်အောက်ပိုင်းတွင် ဆင်သေချောင်း၊ ငလိုက်ချောင်းတို့နှင့် ပေါင်းဆုံကာ စစ်တောင်းမြစ်အဖြစ် မုတ္တမပင်လယ်ကွေ့သို့ စီးဝင်သည်။[]

ဆည်များနှင့် ရေအားလျှပ်စစ်

[ပြင်ဆင်ရန်]

မြစ်အတွင်း ရေအားလျှပ်စစ်စီမံကိန်း သုံးခု တည်ဆောက်ထားလျက်ရှိသည်။[]

အောက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း

[ပြင်ဆင်ရန်]

၂၀၀၅ ခုနှစ် ဧပြီ ၁၈ ရက်တွင် စတင်လည်ပတ်ခဲ့သည်။ တပ်ဆင်အား ၂၈၀ မဂ္ဂါဝပ် (၇၀ မဂ္ဂါဝပ်စီရှိ တာဘိုင် ၄ လုံး) ရှိသည်။[]

BERJAYA
အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ

အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း

[ပြင်ဆင်ရန်]

ပျဉ်းမနားမြို့နှင့် ၂၆ မိုင်အကွာတွင် တည်ရှိသည်။ ၂၀၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ပြီးစီးခဲ့သည်။ RCC ကွန်ကရစ် တမံအမျိုးအစားဖြစ်ပြီး တပ်ဆင်အား ၁၄၀ မဂ္ဂါဝပ် (၇၀ မဂ္ဂါဝပ်စီရှိ စက် ၂ လုံး) ရှိသည်။[]

အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း

[ပြင်ဆင်ရန်]

နေပြည်တော် ပျဉ်းမနားမြို့၏ အရှေ့မြောက်ဘက် ၂၀ မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ စက်တပ်ဆင်အင်အား ၇၆ မဂ္ဂါဝပ်စီရှိ စက် ၂ လုံးဖြင့် စုစုပေါင်း ၁၅၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပြီး စီမံကိန်း ပြီးစီးပါက ၂၀၂၆-၂၀၂၇ ခုနှစ်တွင် စတင်လည်ပတ်မည်ဖြစ်သည်။ []

စီးပွားရေးနှင့် လူမှုအကျိုးကျေးဇူးများ

[ပြင်ဆင်ရန်]

ပေါင်းလောင်းတမံတည်ဆောက်ပြီးနောက် ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ရွာအနီးတွင် ရေလွှဲဆည် တည်ဆောက်ကာ စိုက်ပျိုးရေပေးဝေနိုင်ခဲ့သည်။မြစ်ကမ်းတစ်လျှောက် အပန်းဖြေစခန်း ၉ ခု ပေါ်ပေါက်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိသည်။[]

ကိုးကား

[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]

[အထက်ပေါင်းလောင်း ရေအားလျှပ်စစ် – Global Energy Observatory] · [လင့်ခ်သေ]အထက်ပေါင်းလောင်း ရေအားလျှပ်စစ် – Global Energy Observatory] · ပေါင်းလောင်းဆည်၏ အကျိုးကျေးဇူးများ[လင့်ခ်သေ]