close
မာတိကာသို့ ခုန်သွားရန်

ဂျင်မီ ဝိုက်

ဝီကီပီးဒီးယား မှ
ဂျင်မီ ဝိုက်
MBE
BERJAYA
၂၀၁၆ ပေါလ်ဟန်တာ ကလပ်စစ်ပွဲ၌ တွေ့ရစဉ်
မွေးဖွား (1962-05-02) ၂ မေ၊ ၁၉၆၂ (အသက် ၆၄)
Tooting, England
ကိုယ်စားပြု နိုင်ငံBERJAYA အင်္ဂလန်
အမည်ပြောင်The Whirlwind[]
သက်မွေးဝမ်းကျောင်း
(အဆင့်မြင့်)
1980–
အမြင့်ဆုံး အဆင့်အဆင့် (၂) (၁၉၈၇/၈၈–၁၉၈၈/၈၉)
ကစားသမားဘဝ
အောင်မြင်မှုများ
£ 4,730,928
အမြင့်ဆုံး
တစ်ချီတည်းအမှတ်ယူနိုင်မှု
၁၄၇
၁၉၉၂ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ
အမှတ် (၁၀၀) (သို့) အထက်၃၁၉
Tournament wins
အဆင့်သတ်မှတ်ပွဲစဉ်
နိုင်ပွဲ
၁၀
အဆင့်မသတ်မှတ်ပွဲစဉ်
နိုင်ပွဲ
၂၃

ဂျိမ်းစ် ဝေါရန် ဝိုက် (အင်္ဂလိပ်: James Warren White) သည် အင်္ဂလိပ်လူမျိုး အဆင့်မြင့် စနူကာကစားသမားဖြစ်သည်။ ယခု၌ ဖိတ်ခေါ်ပြိုင်ပွဲစဉ်ကဒ်ဖြင့် ယှဉ်ပြိုင်လျက် ရှိသည်။ နာမည်ပြောင် 'လေပွေ' (The Whirlwind) ကို ၎င်း၏ ညက်ညောသော၊ အတိုက်ပုံစံ ကစားမှုမှတစ်ဆင့်ရရှိခဲပြီး ပြည်သူ့အချစ်တော် (People's Champion) ဟူ၍လည်း ရည်ညွှန်းကြသည်။ ပြိုင်ပွဲများစွာတွင် ချန်ပီယံဖြစ်ခဲ့သည်။

'သုံးထပ်ကွမ်းသရဖူ'မှ အဓိက နှစ်ဆုဖြစ်သော မာစတာနှင့် ယူကေချန်ပီယံကို ရယူနိုင်ခဲ့သည်။ အဆင့်သတ်မှတ်ပွဲစဉ်များမှ ပြိုင်ပွဲဆယ်ခုတွင် အနိုင်ရရှိခဲ့သည်။ သမိုင်းတလျှောက် အဆင့်သတ်မှတ်ပြိုင်ပွဲ အနိုင်ရသူများစာရင်းတွင် (၁၀) ဦးမြောက်ဖြစ်သည်။ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ဗိုလ်လုပွဲသို့ ခြောက်ကြိမ်တိုင်တိုင် တက်ရောက်ခဲ့ပြီး ဆုရယူနိုင်ခဲ့ခြင်းမရှိပေ။ နောက်ဆုံး ဗိုလ်လုပွဲတက်သည့် ၁၉၉၄ တွင် စတီးဗန် ဟန်ဒရီ ကိုရှုံးနိမ့်ခဲ့၏။ အဆင့်မြင့်စနူကာသမား (၁၆)ဦးစာရင်းတွင် (၂၁)နှစ်ကြာ ရပ်တည်နိုင်ခဲ့၍ အင်္ဂလန်အသင်းနှင့်အတူ အမျိုးသားဖလား (Nations Cup)၊ ကမ္ဘာ့ဖလား (World Cup) များရရှိခဲ့သည်။ အဆင့်မြင့်ပြိုင်ပွဲများတွင် 'တစ်ချီတည်းအမှတ်ရာချီထိုးနိုင်မှု' အကြိမ်(၃၀၀) ရရှိခဲ့၏။ ပထမဆုံး ဘယ်လက်သုံးကစားသူတစ်ဦးဖြစ်ကာ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် အမှတ်အများဆုံး(၁၄၇) ထိုးခြင်းကို ဒုတိယမြောက် မှတ်တမ်းတင်ခံရသူဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Jimmy White WPBSA (2015)။