close
မာတိကာသို့ ခုန်သွားရန်

ကမ္ဘာ့အမွေအနှစ်နေရာ

ဝီကီပီးဒီးယား မှ
BERJAYA
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ကမ္ဘာ့အမွေအနှစ် ကော်မတီ၏ တံဆိပ်

ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ (UNESCO World Heritage Site) ဆိုသည်မှာ နေရာတစ်ခု (သစ်တော၊ တောင်၊ ကန်၊ ကျွန်း၊ ကန္တာရ၊ အထိမ်းအမှတ်နေရာ၊ အဆောက်အအုံ၊ စုပေါင်းထားသည့်နေရာ သို့မဟုတ် မြို့ စသည်) ဖြစ်ပြီး ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) မှ အထူးယဉ်ကျေးမှု သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ထင်ရှားအရေးပါမှုအရ (ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်း ကို ကြည့်ရန်) စာရင်းသွင်းသတ်မှတ်ထားသည့် နေရာဖြစ်သည်။[] ထိုစာရင်းကို အထွေထွေညီလာခံမှ ရွေးချယ်သည့် ယူနက်စကို အဖွဲ့ဝင် ၂၁ ခုဖြင့်ဖွဲ့စည်းထားသော ယူနက်စကို ကမ္ဘာ့အမွေအနှစ် ကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အမွေအနှစ် အစီအစဉ် မှ ထိန်းသိမ်းထားသည်။[]

လူသားများ၏ ယေဘုယျအမွေအနှစ်အတွက် အရေးပါအရာရောက်သည့် ယဉ်ကျေးမှုအရ သို့မဟုတ် သဘာဝအရ ထင်ရှားပေါ်လွင်သည့် နေရာဒေသများကို အမည်စာရင်းပြုစုခြင်း နှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းများကို အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အမွေအနှစ် အစီအစဉ်မှ ဆောင်ရွက်သည်။ သတ်မှတ်ထားသည့် အခြေအနေများအရ စာရင်းဝင်နေရာဒေသများအတွက် ကမ္ဘာ့အမွေအနှစ်ရန်ပုံငွေမှ ရန်ပုံငွေရရှိသည်။ အစီအစဉ်ကို ၁၉၇၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ယူနက်စကို အထွေထွေတွေ့ဆုံဆွေးနွေးပွဲမှ ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များ ကာကွယ်ရေးဆိုင်ရာ ညီလာခံဖြင့် စတင်ခဲ့သည်။[]

၂၀၁၇ ခုနှစ် ဇူလိုင်လအထိ ၁၀၇၃ နေရာကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ထားပြီးဖြစ်ကာ ၁၆၇ နိုင်ငံရှိ ယဉ်ကျေးမှုဆိုင်ရာ ၈၃၂ နေရာ၊ သဘာဝနေရာ ၂၀၆ ခုနှင့် အရောအနှောနေရာ ၃၅ ခု ပါဝင်သည်။[][] နိုင်ငံအလိုက် နေရာများအရ အီတလီနိုင်ငံသည် ကမ္ဘာ့အမွေအနှစ်နေရာပေါင်း ၅၃ ဖြင့် ထိပ်ဆုံးတွင်ရှိကာ၊ ယင်းနောက်တွင် တရုတ်နိုင်ငံ (၅၂)၊ စပိန်နိုင်ငံ (၄၆)၊ ပြင်သစ်နိုင်ငံ (၄၃)၊ ဂျာမနီနိုင်ငံ (၄၂)၊ အိန္ဒိယနိုင်ငံ (၃၆)၊ မက္ကဆီကိုနိုင်ငံ (၃၄) နှင့် ယူနိုက်တက်ကင်းဒမ်းနှင့် ဗြိတိသျှ ပင်လယ်ရပ်ခြား နယ်မြေများမှ (၃၁)ခု အသီးသီးဖြစ်သည်။

ရွေးချယ်မှု စံညွှန်း

[ပြင်ဆင်ရန်]

၂၀၀၄ ခုနှစ်အထိ ယဉ်ကျေးမှုအမွေအနှစ်များအတွက် စံညွှန်း ခြောက်ခုနှင့် သဘာဝအမွေအနှစ်များအတွက် စံညွှန်း လေးခု ရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ယင်းတို့ကို ပြင်ဆင်ပြောင်းလဲခဲ့ကာ လက်ရှိတွင် တပေါင်းတည်း စံနှုန်း ဆယ်ခုအဖြစ် သတ်မှတ်ထားသည်။ အဆိုပြုသော နေရာများသည် "ကမ္ဘာ့တန်ဖိုးထားချက်များ" (outstanding universal value) ဖြစ်ရမည်ဖြစ်ပြီး စံညွှန်း ဆယ်ခုအနက် တစ်ခုနှင့် ကိုက်ညီရမည် ဖြစ်သည်။[] ယင်းစံညွှန်းများကို စတင်ဖန်တီးစဉ်မှစ၍ ပြင်ဆင်ခြင်း/ဖြည့်စွက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ယဉ်ကျေးမှု စံညွှန်း

[ပြင်ဆင်ရန်]
BERJAYA
Site#252: ယဉ်ကျေးမှုအမွေအနှစ်နေရာတစ်ခု ဖြစ်သော တာ့ဂျ်မဟာရ်
  1. "ဖန်တီးနိုင်သော လူသားတို့၏ အပြောင်မြောက်ဆုံး လက်ရာကို ကိုယ်စားပြုမှုကို ဖော်ပြနိုင်ရမည်ဖြစ်ပြီး ယဉ်ကျေးမှုတစ်ခုအတွင်း မြင့်မားသည့် အသိဉာဏ်ရှိ၍ အနုပညာလက်ရာမြောက်မှု၊ အတတ်ပညာပိုင်း (သို့မဟုတ်) နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတို့ဖြင့် သက်သေပြနိုင်ရမည်။"
  2. "အချိန်ကာလတစ်ခုအတွင်း ဗိသုကာဆိုင်ရာ၊ နည်းပညာဆိုင်ရာ အထိမ်းအမှတ် အနုပညာလက်ရာဆိုင်ရာတို့အား လူသားတို့ ဖန်တီးထားမှုနှင့်အတူ မြို့ပြတည်ထောင်ထားမှု၊ မြေပြင်ရှုခင်း အကွက်ချစီမံထားမှုတို့ကို ဖော်ပြနိုင်ရမည်။"
  3. "ယခုတိုင်တည်ရှိနေသော (သို့မဟုတ်) ပျောက်ကွယ်သွားသော မြို့ပြယဉ်ကျေးမှုတစ်ခု (သို့မဟုတ်) ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုတို့သည် ပြိုင်ဘက်ကင်း၍သော်လည်းကောင်း၊ ထူးခြားထင်ရှား၍သော်လည်းကောင်း သက်သေပြနိုင်ရမည်။"
  4. "လူ့ဘောင်သမိုင်းတွင် ပြောင်းလဲမှု အဆင့်ဆင့်ကို ဖော်ပြေပေးသည့် ထူးခြားထင်ရှားသော အဆောက်အဦ၊ ဗိသုကာနှင့် နည်းပညာတို့ ပေါင်းစည်းထားသည့် အဆောက်အဦတို့နှင့် မြေယာရှုခင်းပုံဖော်ထားမှုတို့ ရှိရမည်။"
  5. "အထူးသဖြင့် နဂိုမူရင်းအခြေအနေအတိုင်း ပြန်လည်ပြင်ဆင်၍ မရနိုင်တော့သည့် လူ့ယဉ်ကျေးမှု (သို့မဟုတ်) လူသားနှင့် သဘာဝ ပတ်ဝန်းကျင် အပြန်အလှန်အကျိုးပြု ယှဉ်တွဲနေထိုင်မှုကို ပြဆိုနိုင်သော သာဓကများကို ဖော်ပြနိုင်ရမည်။"
  6. "တိတိကျကျ သို့မဟုတ် သေချာမှုရှိသည့် အထောက်အထားများပြနိုင်ပြီး ထူးခြားထင်ရှားသော ရိုးရာဓလေ့များ၊ အတွေးအခေါ်များ၊ ယုံကြည်မှုများ၊ အနုပညာလက်ရာများနှင့် စာပေဆိုင်ရာ လက်ရာများ ဖော်ပြနိုင်ရမည်"
  7. []

သဘာဝ စံညွှန်း

[ပြင်ဆင်ရန်]
BERJAYA
Site#156: သဘာဝ အမွေအနှစ်နေရာတစ်ခု ဖြစ်သော ဆာရန်ဂတီ အမျိုးသားဥယျာဉ်
BERJAYA
Site#274: ယဉ်ကျေးမှုနှင့် သဘာဝ ပေါင်းစပ်နေသော အမွေအနှစ်နေရာတစ်ခု ဖြစ်သော မာချူးပီချူး သမိုင်းဝင်ထိန်းသိမ်းရေးနယ်မြေ
  1. "အနုပညာရသ ခံစားမှုပါဝင်ပြီး အရေးပါ၍ ထူးခြားစွာ သဘာဝအလှတရားရှိသည့် နေရာဒေသများဖြင့် သက်သေပြနိုင်ရမည်။"
  2. "ဇီဝကမ္မဖြစ်စဉ် သို့မဟုတ် ထူးခြားထင်ရှားသည့် ဘူမိဖြစ်စဉ် သို့မဟုတ် မြေမျက်နှာသွင်ပြင်တို့ ပေါ်ထွန်းမှုတို့ ပါဝင်သည့် ကမ္ဘာမြေသမိုင်းနှင့် သက်ဆိုင်သည့် အရာများကို ဖော်ပြနိုင်ရမည်။"
  3. "အပင်နှင့် သတ္တဝါအုပ်စုတို့နှင့် ပင်လယ်ဂေဟစနစ်၊ ကမ်းရိုးတန်းဂေဟစနစ်၊ ရေချိုဂေဟစနစ်၊ ကုန်းတွင်းပိုင်းဂေဟစနစ်တို့ ဆင့်ကဲပြောင်းလဲတိုးတက်မှုဖြစ်စဉ်တို့ ပါဝင်သည့် ကုန်းမြေနယ်နိမိတ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖော်ပြနိုင်ရမည်။"
  4. "ထိန်းသိမ်းရေးရှုထောင့်မှ လည်းကောင်း၊ သိပ္ပံနည်းပညာရှုထောင့်မှ လည်းကောင်း ကမ္ဘာ့လူသားများနှင့် သက်ဆိုင်သည့် အထင်ကရ တန်ဖိုးရှိနေသည့် အခြိမ်းခြောက်ခံနေရသော မျိုးစိတ်များ ပါဝင်သည့် ဇီဝမျိုးကွဲများ၏ မူရင်းအနေအထားအတိုင်း ထိန်းသိမ်းပြုပြင်စောင့်ရှောက်ခြင်းအတွက် အရေးပါဆုံးနှင့် အထင်ရှားဆုံးသော သဘာဝမှီတင်းနေထိုင်မှုတို့ကို ဖော်ပြနိုင်ရမည်။"

အချက်အလက်များ

[ပြင်ဆင်ရန်]

နိုင်ငံပေါင်း ၁၆၇ ခုတွင် ကမ္ဘာ့အမွေအနှစ်နေရာပေါင်း ၁၀၇၃ နေရာကို သတ်မှတ်ထားပြီးဖြစ်ကာ ယင်းတို့တွင် ယဉ်ကျေးမှုဆိုင်ရာ ၈၃၂ နေရာ၊ သဘာဝနေရာ ၂၀၆ ခုနှင့် အရောအနှောနေရာ ၃၅ ခု ပါဝင်သည်။ ကမ္ဘာ့အမွေအနှစ်ကော်မတီသည် ကမ္ဘာအား အာဖရိက၊ အာရပ်ပြည်ထောင်စုများ၊ အာရှနှင့် ပစိဖတ်၊ ဥရောပနှင့် မြောက်အမေရိက၊ နှင့် လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသအဖြစ် ပထဝီဝင်ဇုန်ကြီး ငါးဇုန် ခွဲခြားထားသည်။

ရုရှားနှင့် ကော့ကေးဆပ်ဒေသတို့ကို ဥရောပအဖြစ် သတ်မှတ်ထားပြီး၊ မက္ကဆီကိုနှင့် ကာရစ်ဘီယံတို့သည် မြောက်အမေရိကတွင် တည်ရှိသော်လည်း လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသတွင်း ထည့်သွင်းထားသည်။

အောက်ပါဇယားသည် ယင်းဇုန်များနှင့် တည်ရှိသော နေရာဒေသများ စာရင်း ဖြစ်သည်။[][]

ဇုန်/ဒေသယဉ်ကျေးမှုသဘာဝအရောစုစုပေါင်း%States Parties with inscribed properties
အာဖရိက၅၁၃၇၉၃၉%၃၅
အာရပ်ပြည်ထောင်စုများ၇၄၈၂၈%၁၈
အာရှ နှင့် ပစိဖိတ်ဒေသ၁၇၇၆၄၁၂၂၅၃*၂၄%၃၆
ဥရောပ နှင့် မြောက်အမေရိက၄၃၄၆၂၁၀၅၀၆*၄၇%၅၀
လက်တင်အမေရိက နှင့် ကာရစ်ဘီယံဒေသ၉၆၃၈၁၃၉*၁၃%၂၈
စုစုပေါင်း၈၃၂၂၀၆၃၅၁၀၇၃၁၀၀%၁၆၇

*မွန်ဂိုလီးယားနှင့် ရုရှားရှိ ယူဗွီစ်နော့ ချိုင့်ကြီး မှာ ဥရောပ၊ အာရှနှင့် ပစိဖိတ်ဒေသအတွင်းတွင် တည်ရှိသည်။ ယင်းကို အာရှ-ပစိဖိတ်ဇုန် အတွင်းတွင် ထည့်သွင်းထားသည်။ * နေရာများအချို့မှာ တစ်နိုင်ငံထဲတွင်မက ရှိနေခြင်းကြောင့် နေရာဒေသအရနှင့် နိုင်ငံအလိုက်စာရင်းများထဲတွင် ထပ်ခါပါဝင်လျက်ရှိသည်။ နိုင်ငံအလိုက် စာရင်းဇယားများအတွက် နိုင်ငံအလိုက် ကမ္ဘာ့အမွေအနှစ်နေရာများ ဇယားကို ကြည့်ပါ။

ပိုင်နက်အလိုက် ခွဲခြားထားမှုများ

[ပြင်ဆင်ရန်]

မှတ်ချက်။ ။ အောက်ပါစာရင်းများမှာ ကမ္ဘာ့အမွေအနှစ်နေရာ ဆယ်ခုနှင့်အထက်ရှိသည့် နိုင်ငံများဖြစ်ပြီး ၂၀၁၇ ဇူလိုင်လအထိ စာရင်းဖြစ်သည်။

  • အမည်း: အမွေအနှစ်နေရာ ၅၀ နှင့် အထက်ရှိသော နိုင်ငံများ
  • အညို: အမွေအနှစ်နေရာ ၄၀ နှင့် အထက်ရှိသော နိုင်ငံများ
  • အညိုဖျော့: အမွေအနှစ်နေရာ ၃၀ မှ ၃၉ ခုရှိသော နိုင်ငံများ
  • လိမ္မော်: အမွေအနှစ်နေရာ ၂၀ မှ ၂၉ ခုရှိသော နိုင်ငံများ
  • အစိမ်း: အမွေအနှစ်နေရာ ၁၅ မှ ၁၉ ခုရှိသော နိုင်ငံများ
  • အပြာ: အမွေအနှစ်နေရာ ၁၀ မှ ၁၄ ခုရှိသော နိုင်ငံများ
BERJAYA

အခြားကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. World Heritage
  2. The World Heritage Committee UNESCO World Heritage Site။ 14 October 2006 တွင် ပြန်စစ်ပြီး။
  3. Convention Concerning the Protection of World Cultural and Natural Heritage
  4. World Heritage List, UNESCO World Heritage Sites official sites.
  5. Sites in Germany and Italy bring to 19 the number of sites inscribed on the World Heritage List this year, UNESCO World Heritage Sites official sites.
  6. Criteria for Selection World Heritage။ 12 June 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 October 2006 တွင် ပြန်စစ်ပြီး။
  7. UNESCO World Heritage, The Criteria for Selection 12 June 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  8. UNESCO World Heritage Centre။ World Heritage List Statistics unesco.org
  9. UNESCO World Heritage Centre။ UNESCO World Heritage Centre - World Heritage List unesco.org

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]
  • BERJAYA Wikimedia Commons ရှိ World Heritage Sites နှင့်ပတ်သက်သော မီဒီယာများ
  • BERJAYA Wikivoyage ရှိ UNESCO World Heritage List သို့ ခရီးသွားလမ်းညွှန်များ